အေမကို ဆုံးရႈံးလိုက္ရတာ မိုးၿပိဳက်သြားသလိုပဲ ဆိုၿပီးသူမရဲ႕ ဝမ္းနည္းမႈေတြကို ရင္ဖြင့္လာတဲ့ ဆုျမတ္ႏိုးဦး …


က်ရာဇာတ္႐ုပ္တိုင္းကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ၿပီး ပြင့္ပြင့္လင္းလင္း ေနထိုင္တတ္သူ သ႐ုပ္ေဆာင္ ဆုျမတ္ႏိုးဦးကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္.။ သူငယ္ခ်င္းျဖစ္သူ ေက်ာ္ေက်ာ္နဲ႔ ညီထြဋ္ေခါင္တို႔နဲ႔အတူ N-H-Kဗရမ္းဗတာဘီအက္ဖ္အက္ဖ္မ်ား Page ေထာင္ကာ ေပ်ာ္စရာ အစီအစဥ္ေလးေတြနဲ႔ သူငယ္ခ်င္းသုံးေယာက္ရဲ႕ ေပ်ာ္စရာ အမွတ္တရေလးေတြကို ဖန္တီးကာ ပရိသတ္ေတြအတြက္ မွ်ေဝတင္ေပးေနတာပဲျဖစ္ပါတယ္.။



အၿမဲတမ္း သူငယ္ခ်င္းေတြကို ေဆးထိုးကာ ေပ်ာ္႐ႊင္ေနတတ္တဲ့ ဆုျမတ္ႏိုးဦးရဲ႕ မိခင္ကေတာ့ ေမလ (၃)ရက္ေန႔မွာ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ၿပီ ျဖစ္ပါတယ္.။ ဆုျမတ္ႏိုးဦးကေတာ့ ေမလ (၃)ရက္ေန႔မွာ ဦး ေႏွာက္ေသြးေၾကာျပတ္ကာ ဆုံးပါးသြားတဲ့ မိခင္ျဖစ္သူေၾကာင့္ ခံစားရတဲ့ သူမရဲ႕ ခံစားခ်က္ေတြကို “ေမေမ..မိုးၿပိဳက်သြားသလိုပဲေမေမ”ဆိုၿပီး ဒီေန႔ ေမလ (၄)ရက္ေန႔မွာ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ရင္ဖြင့္တင္လာခဲ့တာ ပဲျဖစ္ပါတယ္.။



ဆုျမတ္ႏိုးဦးကေတာ့ မိခင္ျဖစ္သူရဲ႕ ႐ုတ္တရက္ဆန္လြန္းတဲ့ ဆုံးပါးမႈေၾကာင့္ ေျဖမဆည္ႏိုင္ေအာင္ ဝမ္းနည္းမႈေတြနဲ႔ သတိရမႈေတြနဲ႔ ျပည့္ေနမယ္ထင္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးလည္း မိခင္ျဖစ္သူကို ဆုံးရႈံးသြားရတဲ့ ဆုျမတ္ႏိုးဦးအတြက္ အားေပးစကားေလး ေျပာေပးသြားပါဦးေနာ္.။



Source: Hsu Myat Noe Oo’s Facebook

Sakura(Cele Connections)

ယူနီကုဒ္ျဖင့္ ဖတ္ရန္

အမေကို ဆုံးရှုံးလိုက်ရတာ မိုးပြိုကျသွားသလိုပဲ ဆိုပြီးသူမရဲ့ ဝမ်းနည်းမှုတွေကို ရင်ဖွင့်လာတဲ့ ဆုမြတ်နိုးဦး …

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး ပွင့်ပွင့်လင်းလင်း နေထိုင်တတ်သူ သရုပ်ဆောင် ဆုမြတ်နိုးဦးကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ သူငယ်ချင်းဖြစ်သူ ကျော်ကျော်နဲ့ ညီထွဋ်ခေါင်တို့နဲ့အတူ N-H-Kဗရမ်းဗတာဘီအက်ဖ်အက်ဖ်များ Page ထောင်ကာ ပျော်စရာ အစီအစဉ်လေးတွေနဲ့ သူငယ်ချင်းသုံးယောက်ရဲ့ ပျော်စရာ အမှတ်တရလေးတွေကို ဖန်တီးကာ ပရိသတ်တွေအတွက် မျှဝေတင်ပေးနေတာပဲဖြစ်ပါတယ်.။

အမြဲတမ်း သူငယ်ချင်းတွေကို ဆေးထိုးကာ ပျော်ရွှင်နေတတ်တဲ့ ဆုမြတ်နိုးဦးရဲ့ မိခင်ကတော့ မေလ (၃)ရက်နေ့မှာ ဦးနှောက်သွေးကြောပြတ်ကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်.။ ဆုမြတ်နိုးဦးကတော့ မေလ (၃)ရက်နေ့မှာ ဦး နှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူကြောင့် ခံစားရတဲ့ သူမရဲ့ ခံစားချက်တွေကို “မေမေ..မိုးပြိုကျသွားသလိုပဲမေမေ”ဆိုပြီး ဒီနေ့ မေလ (၄)ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရင်ဖွင့်တင်လာခဲ့တာ ပဲဖြစ်ပါတယ်.။

ဆုမြတ်နိုးဦးကတော့ မိခင်ဖြစ်သူရဲ့ ရုတ်တရက်ဆန်လွန်းတဲ့ ဆုံးပါးမှုကြောင့် ဖြေမဆည်နိုင်အောင် ဝမ်းနည်းမှုတွေနဲ့ သတိရမှုတွေနဲ့ ပြည့်နေမယ်ထင်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း မိခင်ဖြစ်သူကို ဆုံးရှုံးသွားရတဲ့ ဆုမြတ်နိုးဦးအတွက် အားပေးစကားလေး ပြောပေးသွားပါဦးနော်.။

Source: Hsu Myat Noe Oo’s Facebook
Sakura(Cele Connections)

沒有留言