ရဲတိုက္နဲ႔အတူတူထပ္႐ိုက္ခ်င္ပါေသးတယ္ဆိုတဲ့ အိုင္ရင္းဇင္မာျမင့္ …
သီခ်င္းအဆိုၿပိဳင္ပြဲကေန စတင္ကာ ဝါသနာပါ ႏွစ္သက္တဲ့ ဂီတလမ္းေၾကာင္းကို စတင္ေလွ်ာက္လွမ္းကာ ေအာင္ျမင္မႈေတြကို ရရွိခဲ့သူ အိုင္ရင္းဇင္မာျမင့္ကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ အိုင္ရင္းကေတာ့ အသံပါဝါအားေကာင္းေကာင္းနဲ႔ အသည္းကြဲသီခ်င္းမ်ားနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈေတြကို သိမ္းပိုက္ထားသူပဲျဖစ္ပါတယ္.။ အိုင္ရင္းရဲ႕ သီခ်င္းတိုင္းဟာ ခံစားခ်က္ေတြကို ျမင့္ေအာင္ အစြမ္းကုန္ ထုတ္ေဖာ္နိင္တဲ့ သီခ်င္းအမ်ိဳးအစားေတြလို႔ေျပာရမွာပါ.။

အိုင္ရင္းရဲ႕ “ျပန္လွည့္မၾကည့္ဘူး” သီခ်င္းဟာ ထြက္ရွိခဲ့တဲ့ အခ်ိန္တုန္းကေရာ လက္ရွိအခ်ိန္ထိပါ ပရိသတ္ေတြႏွစ္သက္တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္ေနဆဲပါပဲေနာ္.။ နားဝင္မွာ သာယာၿငိမ့္ေညာင္းသြားေစမယ့္ အသံမ်ိဳးကို ပိုင္ဆိုင္ထားၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေလးနဲ႔ သူမခ်စ္တဲ့ ဂီတ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ကာ ေပ်ာ္႐ႊင္ေနတဲ့သူပဲျဖစ္ပါတယ္..။ ဧၿပီလ (၂ု၈)ရက္ေန႔မွာေတာ့ သူမရဲ႕ပထမဆုံးထြက္ရွိခဲ့တဲ့ ေတးအယ္လ္ဘမ္ထဲက “ျပန္လွည့္မၾကည့္ဘူး” သီခ်င္းေလးကို MTV ႐ိုက္ကာ ထုတ္ခဲ့တဲ့ အခ်ိန္က အမွတ္တရေလးေတြကို “ဒါေလးက ကိုယ္ခပ္စြာစြာေလးပါေပါ့. ။ ေတာက္ ေခါက္သံတစ္ခ်က္နဲ႔ Irene ျဖစ္ခဲ့ေသးတယ္။ ကိုရဲတိုက္နဲ႔ ထပ္ၿပီး ႐ိုက္ခ်င္ေသးပါရဲ႕ေလ•••••••” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။

MTVမွာ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ရဲတိုက္နဲ႔ ႐ိုက္ခဲ့တဲ့ အခ်ိန္ေလးေတြကို ျပန္လည္အမွတ္ရကာ ျပန္လည္ၿပီး ထပ္႐ိုက္ခ်င္ေသးတဲ့ အေၾကာင္းေလးကို တင္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္ . ပရိသတ္ႀကီး။ Cele Connections ပရိသတ္ႀကီးေရာ အိုင္ရင္းရဲ႕ “ျပန္လွည့္မၾကည့္ဘူး”သီခ်င္းေလးမွာ အိုင္ရင္းနဲ႔ ရဲတိုက္ရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြကို ၾကည့္ကာ သီခ်င္းစာသားေလးေတြနဲ႔ ခံစားခဲ့တဲ့ အမွတ္တရေလးေတြရွိရင္လည္း မွတ္မွတ္ရရအေနနဲ႔ မွတ္ခ်က္ေလးေတြ ေရးေပးသြားခဲ့ပါဦးေနာ္..။

Source: Irene Zin Mar Myint’s Facebook
Sakura(Cele Connections)
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ရဲတိုက်နဲ့အတူတူထပ်ရိုက်ချင်ပါသေးတယ်ဆိုတဲ့ အိုင်ရင်းဇင်မာမြင့် …
သီချင်းအဆိုပြိုင်ပွဲကနေ စတင်ကာ ဝါသနာပါ နှစ်သက်တဲ့ ဂီတလမ်းကြောင်းကို စတင်လျှောက်လှမ်းကာ အောင်မြင်မှုတွေကို ရရှိခဲ့သူ အိုင်ရင်းဇင်မာမြင့်ကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ အိုင်ရင်းကတော့ အသံပါဝါအားကောင်းကောင်းနဲ့ အသည်းကွဲသီချင်းများနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ထားသူပဲဖြစ်ပါတယ်.။ အိုင်ရင်းရဲ့ သီချင်းတိုင်းဟာ ခံစားချက်တွေကို မြင့်အောင် အစွမ်းကုန် ထုတ်ဖော်နိင်တဲ့ သီချင်းအမျိုးအစားတွေလို့ပြောရမှာပါ.။
အိုင်ရင်းရဲ့ “ပြန်လှည့်မကြည့်ဘူး” သီချင်းဟာ ထွက်ရှိခဲ့တဲ့ အချိန်တုန်းကရော လက်ရှိအချိန်ထိပါ ပရိသတ်တွေနှစ်သက်တဲ့ သီချင်းတစ်ပုဒ်ဖြစ်နေဆဲပါပဲနော်.။ နားဝင်မှာ သာယာငြိမ့်ညောင်းသွားစေမယ့် အသံမျိုးကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ သူမချစ်တဲ့ ဂီတ အနုပညာအလုပ်တွေကို လုပ်ကိုင်ကာ ပျော်ရွှင်နေတဲ့သူပဲဖြစ်ပါတယ်..။ ဧပြီလ (၂ု၈)ရက်နေ့မှာတော့ သူမရဲ့ပထမဆုံးထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ်ထဲက “ပြန်လှည့်မကြည့်ဘူး” သီချင်းလေးကို MTV ရိုက်ကာ ထုတ်ခဲ့တဲ့ အချိန်က အမှတ်တရလေးတွေကို “ဒါလေးက ကိုယ်ခပ်စွာစွာလေးပါပေါ့. ။ တောက် ခေါက်သံတစ်ချက်နဲ့ Irene ဖြစ်ခဲ့သေးတယ်။ ကိုရဲတိုက်နဲ့ ထပ်ပြီး ရိုက်ချင်သေးပါရဲ့လေ•••••••” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
MTVမှာ သရုပ်ဆောင် မင်းသားချော ရဲတိုက်နဲ့ ရိုက်ခဲ့တဲ့ အချိန်လေးတွေကို ပြန်လည်အမှတ်ရကာ ပြန်လည်ပြီး ထပ်ရိုက်ချင်သေးတဲ့ အကြောင်းလေးကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော် . ပရိသတ်ကြီး။ Cele Connections ပရိသတ်ကြီးရော အိုင်ရင်းရဲ့ “ပြန်လှည့်မကြည့်ဘူး”သီချင်းလေးမှာ အိုင်ရင်းနဲ့ ရဲတိုက်ရဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ကာ သီချင်းစာသားလေးတွေနဲ့ ခံစားခဲ့တဲ့ အမှတ်တရလေးတွေရှိရင်လည်း မှတ်မှတ်ရရအနေနဲ့ မှတ်ချက်လေးတွေ ရေးပေးသွားခဲ့ပါဦးနော်..။
Source: Irene Zin Mar Myint’s Facebook
Sakura(Cele Connections)

Post a Comment