မိခင္အရင္းတစ္ေယာက္လို ခ်စ္ရတဲ့ ဆုျမတ္ႏိုးဦးရဲ႕မိအေမ ဆုံးပါးသြားတဲ့သတင္းကို မယုံၾကည္ႏိုင္ျဖစ္ေနတဲ့ ေဇရဲထက္ …


မေန႔က ေမလ (၃) ရက္ေန႔မွာေတာ့ သ႐ုပ္ေဆာင္ ဆုျမတ္ႏိုးဦးရဲ႕မိခင္ ေဒၚၾကဴၾကဴက ႐ုတ္တရက္ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ကြယ္လြန္သြားခဲ့တာပဲ ျဖစ္ပါတယ္။ နာမည္ႀကီး ၿမိတ္စားေသာက္ဆိုင္ပိုင္ရွင္တစ္ေယာက္ျဖစ္ၿပီး အႏုပညာအသိုင္းအဝိုင္းနဲ႔လည္း ရင္းႏွီးသူတစ္ေယာက္ျဖစ္တာေၾကာင့္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြက စိတ္မေကာင္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေဇရဲထက္ကလည္း အေမတစ္ေယာက္လို ရင္းရင္းႏွီးႏွီးရွိသူတစ္ေယာက္ ႐ုတ္တရက္ကြယ္လြန္သြားတာေၾကာင့္ စိတ္မေကာင္းျဖစ္ေနရရွာပါတယ္။



ေဇရဲထက္က “အန္တီၾကဴရယ္ က်ေနာ္ဘယ္လိုေတာင္ေျပာရမလည္းမသိဘူး။ စိတ္သေဘာထားျပည့္ၿပီး က်ေနာ္တို႔လာရင္သားသမီးေတြလိုေျပာဆိုေပ်ာ္႐ႊင္ေနတဲ့ အန္တီ ဆိုင္အသစ္ ဖြင့္ထားတာေတာင္ေခၚေနတာမလာျဖစ္ေသးဘူး က်ေနာ္တို႔မလာခင္ ဘာလို႔ထြက္သြားတာလည္းဗ်ာ။ က်ေနာ္တို႔လာတုန္းကလို ပုန္းေနတာမလား? စေနာက္ေနတာလား လုံးဝမယုံႏိုင္ဘူးအေမရာ။ အေမေကာင္းရာသုဂတိလားပါေစ ဆုေတာင္းလ်က္” ဆိုၿပီး ဝမ္းနည္းစြာ ေျပာထားပါတယ္။



ေဇရဲထက္ကေတာ့ သ႐ုပ္ေဆာင္ ဆုျမတ္ႏိုးဦးနဲ႔ အႏုပညာလႈပ္ရွားမႈေတြ အတူတူ ျပဳလုပ္ခဲ့ဖူးၾကသလို ဆုျမတ္ႏိုးဦးရဲ႕မိခင္နဲ႔လည္း ေတာ္ေတာ္ေလး ရင္းႏွီးသူတစ္ေယာက္ ျဖစ္ပါတယ္။ ဆုျမတ္ႏိုးဦးရဲ႕မိခင္လည္း ေကာင္းရာသုဂတိလားပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။



Source: Zay Ye Htet’s fb

Bilie – Cele Connections

ယူနီကုဒ္ျဖင့္ဖတ္ရန္

မိခင်အရင်းတစ်ယောက်လို ချစ်ရတဲ့ ဆုမြတ်နိုးဦးရဲ့မိအမေ ဆုံးပါးသွားတဲ့သတင်းကို မယုံကြည်နိုင်ဖြစ်နေတဲ့ ဇေရဲထက် …

မနေ့က မေလ (၃) ရက်နေ့မှာတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးရဲ့မိခင် ဒေါ်ကြူကြူက ရုတ်တရက် ဦးနှောက်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ နာမည်ကြီး မြိတ်စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းနဲ့လည်း ရင်းနှီးသူတစ်ယောက်ဖြစ်တာကြောင့် အနုပညာညီအစ်ကိုမောင်နှမတွေက စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ဇေရဲထက်ကလည်း အမေတစ်ယောက်လို ရင်းရင်းနှီးနှီးရှိသူတစ်ယောက် ရုတ်တရက်ကွယ်လွန်သွားတာကြောင့် စိတ်မကောင်းဖြစ်နေရရှာပါတယ်။

ဇေရဲထက်က “အန်တီကြူရယ် ကျနော်ဘယ်လိုတောင်ပြောရမလည်းမသိဘူး။ စိတ်သဘောထားပြည့်ပြီး ကျနော်တို့လာရင်သားသမီးတွေလိုပြောဆိုပျော်ရွှင်နေတဲ့ အန်တီ ဆိုင်အသစ် ဖွင့်ထားတာတောင်ခေါ်နေတာမလာဖြစ်သေးဘူး ကျနော်တို့မလာခင် ဘာလို့ထွက်သွားတာလည်းဗျာ။ ကျနော်တို့လာတုန်းကလို ပုန်းနေတာမလား? စနောက်နေတာလား လုံးဝမယုံနိုင်ဘူးအမေရာ။ အမေကောင်းရာသုဂတိလားပါစေ ဆုတောင်းလျက်” ဆိုပြီး ဝမ်းနည်းစွာ ပြောထားပါတယ်။

ဇေရဲထက်ကတော့ သရုပ်ဆောင် ဆုမြတ်နိုးဦးနဲ့ အနုပညာလှုပ်ရှားမှုတွေ အတူတူ ပြုလုပ်ခဲ့ဖူးကြသလို ဆုမြတ်နိုးဦးရဲ့မိခင်နဲ့လည်း တော်တော်လေး ရင်းနှီးသူတစ်ယောက် ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးရဲ့မိခင်လည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Zay Ye Htet’s fb
Bilie – Cele Connections

沒有留言