နတ်တလင်း၌ ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်၍ နှစ်ဦးသေဆုံး
နတ်တလင်းဘက်မှ တာပွန်ဘက်သို့ နတ်တလင်းမြို့နယ် ဂွေ့ကြီးကျေးရွာ နေသူ ယာဉ်မောင်း ဖြိုးဝေစိုး(ခ) မောင်မောင်စိုး၂၀ နှစ် နှင့် ရွှေတောင်မြို့နယ် ကညန်းရွာ နေသူ အောင်ကိုလင်း ၃၀ နှစ် တို့ စီးနင်းလာသည့် ဆိုင်ကယ်(လိုင်စင်စီစစ်ဆဲ)သည် အရှိန်မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်သွားခဲ့သည်။
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဖြိုးဝေစိုး (ခ) မောင်မောင်စိုးမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး အောင်ကိုလင်းမှာ ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နတ်တလင်း မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
တင်မြင့် (နတ်တလင်း) - Myanmaalinn
-----------------------------------------------------
(Zawgyi)⤵⤵⤵
နတ္တလင္း၌ ဆိုင္ကယ္ အရွိန္လြန္တိမ္းေမွာက္၍ ႏွစ္ဦးေသဆုံး
နတ္တလင္း ဇြန္ ၆
ပဲခူးတိုင္းေဒသႀကီး သာယာဝတီခ႐ိုင္ နတ္တလင္းၿမိဳ႕နယ္ တာပြန္-နတ္တလင္းကားလမ္း မိုင္တိုင္အမွတ္ ၆၇/၅ ႏွင့္ ၆၇/၆ အၾကား ထိန္ေသးေက်း႐ြာအနီး ဇြန္ ၆ ရက္ နံနက္ ၂ နာရီ ခြဲ ခန႔္တြင္ ဆိုင္ကယ္တစ္စီး အရွိန္လြန္တိမ္းေမွာက္၍ ႏွစ္ဦး ေသဆုံးသြားေၾကာင္း သိရသည္။
နတ္တလင္းဘက္မွ တာပြန္ဘက္သို႔ နတ္တလင္းၿမိဳ႕နယ္ ေဂြ႕ႀကီးေက်း႐ြာ ေနသူ ယာဥ္ေမာင္း ၿဖိဳးေဝစိုး(ခ) ေမာင္ေမာင္စိုး၂၀ ႏွစ္ ႏွင့္ ေ႐ႊေတာင္ၿမိဳ႕နယ္ ကညန္း႐ြာ ေနသူ ေအာင္ကိုလင္း ၃၀ ႏွစ္ တို႔ စီးနင္းလာသည့္ ဆိုင္ကယ္(လိုင္စင္စီစစ္ဆဲ)သည္ အရွိန္မထိန္းႏိုင္ျဖစ္ၿပီး တိမ္းေမွာက္သြားခဲ့သည္။
ဆိုင္ကယ္တိမ္းေမွာက္မႈေၾကာင့္ ၿဖိဳးေဝစိုး (ခ) ေမာင္ေမာင္စိုးမွာ အခင္းျဖစ္ေနရာတြင္ ေသဆုံးၿပီး ေအာင္ကိုလင္းမွာ ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသေနစဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ နတ္တလင္း ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားေၾကာင္း သိရသည္။
တင္ျမင့္ (နတ္တလင္း) - Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Post a Comment