ကျောက်မဲမှ ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


ကျောက်မဲမြို့နယ် ၊ မိုင်းတင်းကျေးရွာမန်စန်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဟာ ဇွန် ၆ ရက် နေ့လည်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးပါတယ်။

အဲဒီ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟာ အသက် ၅၀အရွယ်ရှိ ဦးရွှေဝင်း(ခ)အိုက်အောရွှေဝင်းဆိုသူဖြစ်ပြီး ရွာနဲ့ နှစ်မိုင်ခန့်အကွာ ပြောင်းခြံအတွင်း တောင်ယာလုပ်ကိုင်နေတုန်း ပစ်ခတ်ခံခဲ့ရတာပါ။

သေဆုံးသူဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ကျောက်မဲမြို့ ကို အုပ်ချုပ်ရေးအစည်းအဝေးလာတက်တဲ့ ကျေးရွာဥက္ကဌအပါဝင် ၃ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်မှာ လွှတ်မြောက်ခဲ့သူလည်း ဖြစ်ပါတယ်။

One News Myanmar
------------------------------




(Zawgyi)⤵⤵⤵
ေက်ာက္မဲမွ ႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ေက်ာက္မဲၿမိဳ႕နယ္ ၊ မိုင္းတင္းေက်း႐ြာမန္စန္းမွာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္တစ္ဦးဟာ ဇြန္ ၆ ရက္ ေန႔လည္ပိုင္းက ေသနတ္နဲ႔ ပစ္သတ္ခံရလို႔ ေသဆုံးပါတယ္။

အဲဒီ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ဟာ အသက္ ၅၀အ႐ြယ္ရွိ ဦးေ႐ႊဝင္း(ခ)အိုက္ေအာေ႐ႊဝင္းဆိုသူျဖစ္ၿပီး ႐ြာနဲ႔ ႏွစ္မိုင္ခန႔္အကြာ ေျပာင္းၿခံအတြင္း ေတာင္ယာလုပ္ကိုင္ေနတုန္း ပစ္ခတ္ခံခဲ့ရတာပါ။

ေသဆုံးသူဟာ လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက ေက်ာက္မဲၿမိဳ႕ ကို အုပ္ခ်ဳပ္ေရးအစည္းအေဝးလာတက္တဲ့ ေက်း႐ြာဥကၠဌအပါဝင္ ၃ဦး ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတဲ့ျဖစ္စဥ္မွာ လႊတ္ေျမာက္ခဲ့သူလည္း ျဖစ္ပါတယ္။

One News Myanmar
https://www.facebook.com/onenewsmyan

沒有留言