












ယူနီကုဒ်ဖြင့် ဖတ်ရန်

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေအတွက် အသိနောက်ကျလွန်းနေတယ်ဆိုတဲ့ ကျော်ကျော်ဗို …

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားကျော်ကျော်ဗိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်နော်..။ ကျော်ကျော်ဗိုကတော့ နာမည်ကြီးတဲ့ ဇာတ်သဘင်မျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပေမယ့် ဇာတ်ကရတာထက် ဘကြီး ဖြစ်သူ ညွှန့်ဝင်းလို ရုပ်ရှင်မင်းသားအနေနဲ့ အနုပညာတွေကို ချပြရတာကို နှစ်သက်သူ တစ်ယောက်လို့ ဆိုရမှာပါ..။ ကျော်ကျော်ဗိုဟာ အနုပညာကို ရူးသွပ်သူပီပီ ကာရိုက်တာတိုင်းအတွက် အချိန်ယူကာ သေချာ ပြင်ဆင်တတ်တဲ့သူပဲဖြစ်ပါတယ်.။

ကျော်ကျော်ဗိုဟာ အနုပညာကိုမြတ်နိုးသူပီပီ သိမ်မွေ့တဲ့ နှလုံးသာကို ပိုင်ဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ အပြုအမူတွေဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေတဲ့ အချက်တွေထဲက ဖြစ်မယ် ထင်ပါတယ်နော်..။ လက်ရှိ ပျံ့နှံ့နနေတဲ့ ဗိုင်းရပ်စ် အန္တရာယ်ကနေ အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ ပရိသတ်တွေအတွက် နည်းလမ်းလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ..။ ဒီနေ့ ဧပြီလ (၂၀)ရက်နေ့မှာတော့ ကျော်ကျော်ဗိုက “အလုပ်မဆင်းရသေးတဲ့ကိစ္စ ၊ မီတာမဆောင်ရင်ရသေးတဲ့ကိစ္စ၊ ပြည်သူတွေအသိ နောက်ကျလွန်းခဲ့ကြပါသည်ခင်ဗျာ။” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

ကျော်ကျော်ဗိုက ပြည်သူတွေအတွက် အသိနောက်ကျနေတဲ့ အခြေအနေလေးကို သူ့ရဲ့ အမြင်အနေနဲ့ ပွင့်ပွင့်လင်းလင်း တင်လာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး..။ Cele Connections ပရိသတ်ကြီးလည်း ကျော်ကျော်ဗိုနဲ့ အတွေးလေးတွေ ထပ်တူကျခဲ့ရင် မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။

Source: Kyaw Kyaw Bo’s Facebook
Sakura(Cele Connections)

沒有留言