ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္မ်ား ျပဳလုပ္ႏိုင္ဖို႔အတြက္ အလႉေငြ (၁၀)သိန္း ထပ္မံလႉဒါန္းခဲ့တဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္ …
ႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္က ေအာင္ျမင္တဲ့ အႏုပညာလမ္းမမွာ ကိုယ္စီေလွ်ာက္လွမ္းေနၾကသူမ်ားျဖစ္ၿပီး အကယ္ဒမီဆုႀကီးေတြကိုလည္း ဆြတ္ခူးထားႏိုင္သူေတြ ျဖစ္ပါတယ္။ ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္က ပရိသတ္အားေပးမႈကို တစ္ခဲနက္ရရွိထားသလို ျပည္သူေတြအတြက္ အက်ိဳးရွိေစမယ့္ အလႉအတန္းေတြကိုလည္း မၾကာခဏဆိုသလို လုပ္ေလ့ရွိသူေတြ ျဖစ္ၾကပါတယ္။

ဒီေန႔မွာလည္း ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္က WeLoveYGN အဖြဲ႕သို႔ ယခုျဖစ္ပြားလွ်က္ရွိေသာ Covid-19 အတြက္ လိုအပ္သည္မ်ားတြင္ အသုံးျပဳ ကူညီႏိုင္ရန္အတြက္ အလႉေငြ ဆယ္သိန္းက်ပ္တိတိကို ထပ္မံၿပီးေတာ့ လႉဒါန္းေပးထားတယ္လို႔ ဝမ္းေျမာက္စြာနဲ႔ သိရပါတယ္။

ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကမွာ အေျခခံလူတန္းစားမ်ား စားနပ္ရိကၡာဖူလုံဖို႔အတြက္ အလႉေငြေတြ လႉဒါန္းေပးခဲ့တာျဖစ္ၿပီး ဒီေန႔မွာလည္း (၁၀) သိန္း ထပ္မံ လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ မိသားစုအတြက္ ဝမ္းေျမာက္စြာနဲ႔ သာဓုေခၚေပးၾကပါဦးေနာ္။

Source: Mg Mg Aye’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ပြုလုပ်နိုင်ဖို့အတွက် အလှူငွေ (၁၀)သိန်း ထပ်မံလှူဒါန်းခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် …
နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က အောင်မြင်တဲ့ အနုပညာလမ်းမမှာ ကိုယ်စီလျှောက်လှမ်းနေကြသူများဖြစ်ပြီး အကယ်ဒမီဆုကြီးတွေကိုလည်း ဆွတ်ခူးထားနိုင်သူတွေ ဖြစ်ပါတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားသလို ပြည်သူတွေအတွက် အကျိုးရှိစေမယ့် အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို လုပ်လေ့ရှိသူတွေ ဖြစ်ကြပါတယ်။
ဒီနေ့မှာလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က WeLoveYGN အဖွဲ့သို့ ယခုဖြစ်ပွားလျှက်ရှိသော Covid-19 အတွက် လိုအပ်သည်များတွင် အသုံးပြု ကူညီနိုင်ရန်အတွက် အလှူငွေ ဆယ်သိန်းကျပ်တိတိကို ထပ်မံပြီးတော့ လှူဒါန်းပေးထားတယ်လို့ ဝမ်းမြောက်စွာနဲ့ သိရပါတယ်။
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှာ အခြေခံလူတန်းစားများ စားနပ်ရိက္ခာဖူလုံဖို့အတွက် အလှူငွေတွေ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဒီနေ့မှာလည်း (၁၀) သိန်း ထပ်မံ လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုအတွက် ဝမ်းမြောက်စွာနဲ့ သာဓုခေါ်ပေးကြပါဦးနော်။
Source: Mg Mg Aye’s fb
Bilie – Cele Connections

Post a Comment