











ယူနီကုဒ်ဖြင့်ဖတ်ရန်

ဒီနေ့လေးမှာ အသက် (၄၃) နှစ်ပြည့်သွားပြီဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ …

မော်ဒယ်လောကကနေစပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်က အခုဆိုရင် မြန်မာပြည်ရဲ့ လျှမ်းလျှမ်းတောက် ပြိုင်ဘက်ကင်း မင်းသမီးအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီး နှစ်ဆုကို ရရှိပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်း နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ဆက်လက်ရိုက်ကူးနေရဆဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က မင်းသား ပြေတီဦးနဲ့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ (၂၄) ရက်နေ့ကတော့ ပရိသတ်တိုင်းချစ်ကြတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ (၁၉၇၇) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အိန္ဒြာကျော်ဇင်က ဒီနှစ်မှာတော့ သူမရဲ့ အသက် (၄၃) နှစ်တိတိ ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က အသက်လေးဆယ်ကျော်သည့်တိုင်အောင် လူငယ်လေးတွေ လိုက်မမှီနိုင်အောင် လှပနုပျိုဆဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်တစ်ယောက် မွေးနေ့ကနေစပြီး အောင်မြင်မှုတွေ ဒီထက်မက ဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေလို့ Cele Connectionsမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Bilie – Cele Connections

沒有留言