ေကာင္းမြန္တဲ့ အထက္တန္းေက်ာင္းတက္ခြင့္ရလို႔ သမီးအတြက္ဂုဏ္ယူေနတဲ့ ခငယ္ …


ပရိသတ္ခ်စ္တဲ့ အဆိုေတာ္ႀကီးလဲ ျဖစ္ ၊ ႐ုပ္ရွင္မင္းသားႀကီးလဲ ျဖစ္တဲ့ အကယ္ဒမီ စိုးသူ ရဲ႕ တစ္ဦးတည္းေသာ သမီးေလးဟာ လက္ရွိမွာေတာ့ မိခင္ ျဖစ္သူ ခငယ္နဲ႔ အတူေနထိုင္ၿပီး တကယ့္ကို ထူးခြၽန္တဲ့ ကေလးမေလးတစ္ေယာက္ပါ။ ယခုအခါမွာလဲ တစ္ႏိုင္ငံလုံးမွာ အေကာင္းဆုံးလို႔ေျပာရမယ့္ North Point High School ဆိုတဲ့ အထက္တန္းေက်ာင္းမွာ တက္ခြင့္ရခဲ့တယ္လို႔ သိရပါတယ္။



အဲ့လိုေက်ာင္းတက္ခြင့္ရလို႔ မိခင္ျဖစ္သူ ခငယ္က ဂုဏ္ယူေၾကာင္းေျပာျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ” ေန႔ေပါင္းမ်ားစြာ လေပါင္းမ်ားစြာ မနားမေနႀကိဳးစားလို႔ county တစ္ခုလုံးရဲ႕ အေကာင္းဆုံး အထက္ေက်ာင္းကို ဝင္ခြင့္ရလို႔ ဂုဏ္ယူပါတယ္ အေမ့သမီး…” လို႔ ဆိုကာ သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။



ခုလို ထူးခြၽန္ထက္ျမတ္တဲ့ သမီးေလး အိန္ဂ်ယ္အတြက္ အႏုပညာရွင္ တစ္ခ်ိဳ႕ကလဲ ဂုဏ္ျပဳစကားေျပာထားၾကပါတယ္။ အိန္ဂ်ယ္ေလးကလဲ တကယ့္ကိုထူးခြၽန္သူေလးမို႔ ဂုဏ္ျပဳထိုက္သူေလးပါ။ ခ်စ္ တဲ့ ပရိသတ္ႀကီးကလဲ ဂုဏ္ျပဳစကားေျပာေပးၾကပါအုံးေနာ္ ။



May(cctv)

Source – ခငယ္

(Unicode Version)

ကောင်းမွန်တဲ့ အထက်တန်းကျောင်းတက်ခွင့်ရလို့ သမီးအတွက်ဂုဏ်ယူနေတဲ့ ခငယ် …

ပရိသတ်ချစ်တဲ့ အဆိုတော်ကြီးလဲ ဖြစ် ၊ ရုပ်ရှင်မင်းသားကြီးလဲ ဖြစ်တဲ့ အကယ်ဒမီ စိုးသူ ရဲ့ တစ်ဦးတည်းသော သမီးလေးဟာ လက်ရှိမှာတော့ မိခင် ဖြစ်သူ ခငယ်နဲ့ အတူနေထိုင်ပြီး တကယ့်ကို ထူးချွန်တဲ့ ကလေးမလေးတစ်ယောက်ပါ။ ယခုအခါမှာလဲ တစ်နိုင်ငံလုံးမှာ အကောင်းဆုံးလို့ပြောရမယ့် North Point High School ဆိုတဲ့ အထက်တန်းကျောင်းမှာ တက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

အဲ့လိုကျောင်းတက်ခွင့်ရလို့ မိခင်ဖြစ်သူ ခငယ်က ဂုဏ်ယူကြောင်းပြောပြခဲ့ပါတယ်။ အဲ့ဒါကတော့ ” နေ့ပေါင်းများစွာ လပေါင်းများစွာ မနားမနေကြိုးစားလို့ county တစ်ခုလုံးရဲ့ အကောင်းဆုံး အထက်ကျောင်းကို ဝင်ခွင့်ရလို့ ဂုဏ်ယူပါတယ် အမေ့သမီး…” လို့ ဆိုကာ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ခုလို ထူးချွန်ထက်မြတ်တဲ့ သမီးလေး အိန်ဂျယ်အတွက် အနုပညာရှင် တစ်ချို့ကလဲ ဂုဏ်ပြုစကားပြောထားကြပါတယ်။ အိန်ဂျယ်လေးကလဲ တကယ့်ကိုထူးချွန်သူလေးမို့ ဂုဏ်ပြုထိုက်သူလေးပါ။ ချစ် တဲ့ ပရိသတ်ကြီးကလဲ ဂုဏ်ပြုစကားပြောပေးကြပါအုံးနော် ။

May(cctv)
Source – ခငယ်

沒有留言