ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကလေးမွေးဖွားနှုန်းထိန်းချုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ပြင်ဆင်နေ
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေမြင့်တက်လာတဲ့အခြေအနေကြောင့် အဲဒီစခန်းတွေမှာကလေးမွေးဖွားနှုန်းထိန်းချုပ်မယ့်အစီအမံတွေချမှတ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးဦးဆောင်ကျင်းပမဲ့ မနေ့ ဧပြီလ ၁၀ ရက် အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ တနှစ်ကို ကလေး ၃ သောင်းခွဲနီးပါးအထိ မွေးဖွားနှုန်းမြင့် တက်နေတာကြောင့် ကျန်းမာရေးဌာနနဲ့ပူးပေါင်းပြီး မွေးဖွားနှုန်း ထိန်းချုပ်ဖို့ စီစဥ်မှာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၀န်ကြီးက ပြောလိုက်တာပါ။
ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေလက်ထဲ နိုင်ငံကူးလက်မှတ်ရောက်နေတာတွေကို မဖြစ်အောင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) အချက်အလက်တွေကို အသုံးပြုဖို့၊ ဒုက္ခသည်စခန်းတွေမှာ သံဆူးကြိုးကာဖို့ ကိစ္စတွေကိုလည်း အဲဒီအစည်းအဝေးမှာဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
https://www.bbc.com/burmese/live/burma-60916998
Post a Comment