အင်စတာဂရမ်မှာ ခေတ်စားနေတဲ့ MAKE UP LOOK လေးနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို လှသွေးကြွယ်နေတဲ့ ဝတ်မှုံရွှေရည်



ယူနီကုဒ်ဖြင့်ဖတ်ရန်
ဆယ်စုနှစ်တစ်ခုကျော်တိုင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာနဲ့ ရပ်တည်ခဲ့တဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ဒီနှစ် (၂၀၁၉) ခုနှစ်ရဲ့ အကယ်ဒမီထူးချွန်ဆုကို လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီဆုထက် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ပိုမိုမက်မောသူလေးတစ်ယောက် ဖြစ်ပါတယ်။
ဆယ်စုနှစ်တစ်ခုစာ အနုပညာလောကမှာ ရပ်တည်ခဲ့တဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ ပရိသတ်တွေ အမြင်မရိုးသွားရအောင် အမြဲတမ်းဆန်းသစ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က အင်စတာဂရမ်မှာ ခေတ်စားနေတဲ့ Make Up Look လေးနဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို လှသွေးကြွယ်နေတာကို တွေ့ရပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ဘယ်အသက်အရွယ်ပဲရောက်ရောက် လူငယ်လေးတွေ လိုက်မမှီနိုင်အောင် လှပနုပျိုလွန်းသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီး အမြင်ဆန်းတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။
Source: Wutt Hmone Shwe Yi’s fb

Post a Comment