စစ်ကိုင်းတိုင်းအတွင်း မြို့နယ်နှစ်ခုတွင် မိုးကြိုးပစ်ခတ်မှုကြောင့် နွားအကောင်(၂၀)သေဆုံး


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်နှစ်ခုမှာ ဇွန်(၆)ရက်က မိုးကြိုးပစ်ခတ်မှုကြောင့် နွားအကောင်(၂၀) သေဆုံးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး စဝီလီဖရန့် ကပြောပါတယ်။

မိုးကြိုပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ခွေကြိမ်ကျေးရွာက နွား(၁၉)ကောင်နဲ့ အင်းတော် မြို့နယ် ခိုထောင်ကျေး ရွာက နွားတစ်ကောင်သေဆုံးခဲ့တာပါ။

အခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ မိုးကြိုပစ်ခတ်မှု (၉)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးအနေနဲ့ (၅)ယောက်ရှိခဲ့ကာ ထိခိုက် ဒဏ်ရာရသူ (၁၂)ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သတင်း-သူရိယထက်၊ ဓာတ်ပုံ - ဆန်းမင်း / One News Myanmar
-----------------------------------------




(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းအတြင္း ၿမိဳ႕နယ္ႏွစ္ခုတြင္ မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ႏြားအေကာင္(၂၀)ေသဆုံး

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္ႏွစ္ခုမွာ ဇြန္(၆)ရက္က မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ႏြားအေကာင္(၂၀) ေသဆုံးခဲ့တယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီး ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန တိုင္းဦးစီးမႉး စဝီလီဖရန႔္ ကေျပာပါတယ္။

မိုးႀကိဳပစ္ခတ္မႈေၾကာင့္ ကေလးၿမိဳ႕နယ္ ေခြႀကိမ္ေက်း႐ြာက ႏြား(၁၉)ေကာင္နဲ႔ အင္းေတာ္ ၿမိဳ႕နယ္ ခိုေထာင္ေက်း ႐ြာက ႏြားတစ္ေကာင္ေသဆုံးခဲ့တာပါ။

အခုႏွစ္အတြင္း စစ္ကိုင္းတိုင္းေဒသႀကီးမွာ မိုးႀကိဳပစ္ခတ္မႈ (၉)ႀကိမ္ျဖစ္ေပၚခဲ့ၿပီး လူေသဆုံးအေနနဲ႔ (၅)ေယာက္ရွိခဲ့ကာ ထိခိုက္ ဒဏ္ရာရသူ (၁၂)ေယာက္ရွိခဲ့တယ္လို႔ ဆိုပါတယ္။

သတင္း-သူရိယထက္၊ ဓာတ္ပုံ - ဆန္းမင္း / One News Myanmar
https://www.facebook.com/onenewsmyan

沒有留言