တစ္ရက္ ၄,၈၀၀ ဝင္ေငြနဲ႔ အသက္ဆက္ ရွင္သန္ေနရသူမ်ား
တစ္ေန႔ လုပ္ခ ေငြ ၄၈၀၀ နဲ႔ အေျခခံ လုပ္သား ေတြ ဘယ္လို ရွင္သန္ အသက္ေမြးေနပါသလဲ။ ရန္ကုန္က ဘီဘီစီ သတင္းေထာက္ မဝင္းစႏၵာဦးက ကိုဗစ္ ကပ္ မျဖစ္ခင္ သိပ္မၾကာခင္တုန္းကလႈိင္သာယာ စက္မႈဇုံမွာ ကြင္းဆင္းေလ့လာၿပီး တင္ဆက္ထားပါတယ္။ ႐ုပ္သံမွာ ခံစား ၾကည့္ရႈ ႏိုင္ပါၿပီ။
တင္ဆက္ - ဝင္းစႏၵာဦး ၊ ႐ိုက္ကူး/တည္းျဖတ္ - ၿဖိဳးဟိန္းေက်ာ္ / BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
တစ်ရက် ၄,၈၀၀ ဝင်ငွေနဲ့ အသက်ဆက် ရှင်သန်နေရသူများ
မြန်မာနိုင်ငံ ရဲ့အခြေခံ လုပ်ခ ဟာ တရက်ကို မြန်မာ ကျပ် ငွေ ၄,၈၀၀ ကျပ်၊ အမေရိကန် ဒေါ်လာ နဲ့ ဆိုရင် ၃ ဒေါ်လာ ကျော်ကျော် ပဲ ရှိပါတယ်။ လက်ရှိ ပြဋ္ဌာန်းချက် အရ အနိမ့်ဆုံး လုပ်ခ လစာ သတ်မှတ်ချက်ကို ၂ နှစ် တခါ သုံးသပ် ပြင်ဆင် ရမှာ ပါ။ ဒါပေမယ့် ကိုဗစ် ကပ်ရောဂါ ကြောင့် အခု မေလ ထဲမှာ ပြန်လည် ပြင်ဆင်ဖို့ စီစဉ်ထားတာက လည်း နှောင့်နှေးကြန့်ကြာနေပြန်ပါတယ်။
တစ်နေ့ လုပ်ခ ငွေ ၄၈၀၀ နဲ့ အခြေခံ လုပ်သား တွေ ဘယ်လို ရှင်သန် အသက်မွေးနေပါသလဲ။ ရန်ကုန်က ဘီဘီစီ သတင်းထောက် မဝင်းစန္ဒာဦးက ကိုဗစ် ကပ် မဖြစ်ခင် သိပ်မကြာခင်တုန်းကလှိုင်သာယာ စက်မှုဇုံမှာ ကွင်းဆင်းလေ့လာပြီး တင်ဆက်ထားပါတယ်။ ရုပ်သံမှာ ခံစား ကြည့်ရှု နိုင်ပါပြီ။
တင်ဆက် - ဝင်းစန္ဒာဦး ၊ ရိုက်ကူး/တည်းဖြတ် - ဖြိုးဟိန်းကျော် / BBC Burmese
https://www.facebook.com/BBCnewsBurmese

Post a Comment