ေဖ့ဘုတ္မွာ ပိုက္ဆံမရွိဘူးဆိုတဲ့ပိုစ့္ေၾကာင့္ သူ႔ကိုခ်က္ခ်င္းေငြလႊဲေပးတဲ့ ထိုင္းမေလး Jessie အေၾကာင္း ေျပာျပလာတဲ့ ယုန္ေလး …
ဂီတေလာကမွာ ေအာင္ျမင္ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားတဲ့ ယုန္ေလးက ေနာက္ပိုင္းမွာေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြကို ကိုယ္တိုင္ဒါ႐ိုက္တာလုပ္ ႐ိုက္ကူးေနလ်က္ရွိပါတယ္။ ယုန္ေလးက အက္ရွက္ဇာတ္ကားေတြကို ႐ိုက္ကူးၿပီး သူ႐ိုက္ကူးထားသမွ် ႐ုပ္ရွင္ဇာတ္ကားတိုင္းက ေအာင္ျမင္မႈေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ ယုန္ေလးက လက္ရွိမွာလည္း သူခ်စ္တဲ့ အႏုပညာလုပ္ငန္းေတြအျပင္ ပရဟိတလုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္ေနလ်က္ရွိပါတယ္။

မေန႔ကေတာ့ ယုန္ေလးက လူတိုင္းကို ကူညီခ်င္ေပမယ့္ သူ႔မွာလည္း ေငြေရးေၾကးေရးအခက္အခဲေတြရွိေၾကာင္းကို ေဖ့စ္ဘုတ္မွာ တင္ထားခဲ့ပါတယ္။ ထိုပိုစ့္ကို ျမင္ျမင္ခ်င္းပဲ ထိုင္းသ႐ုပ္ေဆာင္မေလး Jessie က ခ်က္ခ်င္းေငြလႊဲေပးေၾကာင္းကို “ပိုက္ဆံ နည္းေနၿပီ တင္ထားတာ။ Jessie ေလးက လႊဲေပးမယ္တဲ့။ Video Call ကို စကားျပန္နဲ႔ ေျပာရတာ။ Jessie ေမေမ က ဘာသာျပန္ေပးတယ္။” ဆိုၿပီး ဝမ္းသာစြာ ေျပာထားပါတယ္။

ထိုင္းမေလး Jessie ကေတာ့ Tik Tok ေဆာ့သူေတြၾကားမွာ နာမည္ႀကီးတစ္ေယာက္ျဖစ္ၿပီး ယုန္ေလးနဲ႔အတူတူ MV တစ္ပုဒ္မွာ သ႐ုပ္ေဆာင္ဖူးတာမို႔ ပရိသတ္ႀကီးနဲ႔ မစိမ္းသူတစ္ေယာက္ပါပဲ။ ပရိသတ္ႀကီးလည္း ေစတနာေကာင္းလို႔ ကံေကာင္းတဲ့ ယုန္ေလးကို အားက်ေနၿပီ ထင္ပါတယ္ေနာ္။

Source: Yone Lay’s fb
Bilie – Cele Connections
ယူနီကုဒ္ျဖင့္ဖတ္ရန္
ဖေ့ဘုတ်မှာ ပိုက်ဆံမရှိဘူးဆိုတဲ့ပိုစ့်ကြောင့် သူ့ကိုချက်ချင်းငွေလွှဲပေးတဲ့ ထိုင်းမလေး Jessie အကြောင်း ပြောပြလာတဲ့ ယုန်လေး …
ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ယုန်လေးက နောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးနေလျက်ရှိပါတယ်။ ယုန်လေးက အက်ရှက်ဇာတ်ကားတွေကို ရိုက်ကူးပြီး သူရိုက်ကူးထားသမျှ ရုပ်ရှင်ဇာတ်ကားတိုင်းက အောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ယုန်လေးက လက်ရှိမှာလည်း သူချစ်တဲ့ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။
မနေ့ကတော့ ယုန်လေးက လူတိုင်းကို ကူညီချင်ပေမယ့် သူ့မှာလည်း ငွေရေးကြေးရေးအခက်အခဲတွေရှိကြောင်းကို ဖေ့စ်ဘုတ်မှာ တင်ထားခဲ့ပါတယ်။ ထိုပိုစ့်ကို မြင်မြင်ချင်းပဲ ထိုင်းသရုပ်ဆောင်မလေး Jessie က ချက်ချင်းငွေလွှဲပေးကြောင်းကို “ပိုက်ဆံ နည်းနေပြီ တင်ထားတာ။ Jessie လေးက လွှဲပေးမယ်တဲ့။ Video Call ကို စကားပြန်နဲ့ ပြောရတာ။ Jessie မေမေ က ဘာသာပြန်ပေးတယ်။” ဆိုပြီး ဝမ်းသာစွာ ပြောထားပါတယ်။
ထိုင်းမလေး Jessie ကတော့ Tik Tok ဆော့သူတွေကြားမှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီး ယုန်လေးနဲ့အတူတူ MV တစ်ပုဒ်မှာ သရုပ်ဆောင်ဖူးတာမို့ ပရိသတ်ကြီးနဲ့ မစိမ်းသူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း စေတနာကောင်းလို့ ကံကောင်းတဲ့ ယုန်လေးကို အားကျနေပြီ ထင်ပါတယ်နော်။
Source: Yone Lay’s fb
Bilie – Cele Connections

Post a Comment